Friday, January 25, 2013

အမေများနေ့ အမှတ်တရ-

အဝေးရောက်နေတဲ့ သားအတွက်တော့ အမေဆိုတာ ခေါ်ယုံနဲ့ပဲ လုံလောက်ပါပြီ... ဒီအချိန် အမေပြန်ထူးရင်လည်း သားအမေကို တောင်းပန်ပါတယ်- အဝေးက လူဘုံတနေရာမှာ ခေါ်သံမကြား အော်သံမကြား အမေအကြောင်းလေးတွေ့ရင်း ဒီရင်မှာငိုနေရတာ ကြာလှပါပြီ... အမှားမှန်မှမသိသေးတဲ့ အချိန် အမေ့မျက်ရည်တွေကျအောင် ရူးမိုက်ခဲ့တာ... ဘယ်တော့မှ ပြန်မရခဲ့ရတော့တဲ့ အမေ့ရဲ့ ပျော်ရွှင်မှုတွေ ၀မ်းနည်းကြွေကွဲအောင် လုပ်မိခဲ့တာတွေ... အမေရယ် အမေရယ်- သားစာတွေ ရေး ရေး ရေးနေရင်လည်း အင်းး အမေ့ကို လွမ်းတဲ့အကြောင်း မကုန်နိုင်တော့ပါဝူးးးး... ဘာလို့လဲ ဆိုတော့ အမေက သားအမေဖြစ်နေလိုပါ- ကျန်နေရတဲ့ ခဏအချိန်မှာ အမေသာ လက်ခံတယ်ဆိုရင် မှားယွင်းမှုတွေများစွာနဲ့ သားလေ အမေကို တောင်းပန်ဖို့ အပြေးလာခဲ့ပါမယ် ချစ်ရတဲ့ အမေရယ်- ဤကဗျာဖြစ် အမေများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အဝေးက ကျနော်အမေကို ကန်တော့လိုက်ပါတယ် သား- အမေများအားလုံး အသက်ရာကျော်ရှင်ပါစေ... ဘေးရန်ကင်း ကျန်းမာချမ်းသာကြပါစေလို့ သားလေး ဆုတောင်းပေးပို့လိုက်ပါတယ် မေမေ.

0 Comments:

Post a Comment

 
back to top